7 May 2017

ဘိုကိုဟရမ်ဖမ်းထားသည့် ကျောင်းသူများမှ ၆၀ ကျော် ထပ်မံ လွတ်မြောက်

12:16 pm - By Unknown 0

မေ ၇၊ ၂၀၁၇
M-Media

width=616

ကျောင်းသူများကို ဘိုကိုဟရမ်လက်မှ ကယ်တင်ရေး ဆန္ဒပြမှု မြင်ကွင်း

– ၂၀၁၄ ခုနှစ်က ဘိုကိုဟရမ်အကြမ်းဖက်အဖွဲ့၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသည့် အမျိုးသမီးငယ် ၂၀၀ နီးပါးမှ အနည်းဆုံး ၆၂ ဦးမှာ ပြန်လည် လွတ်မြောက်လာခဲ့ပြီးဟု နိုက်ဂျီးရီးယား တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

ယမန်နေ့က လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး နိုက်ဂျီးရီယား-ကင်မရွန်း နယ်စပ်အနီး ဘန်ဂီမြို့တွင် ရောက်ရှိနေသည်။ စောစောပိုင်းတွင် ဘိုကိုဟရမ်မှာ မိန်းကလေးငယ် ၈၂ ဦးကို လွှတ်ပေးလိုက်သည်ဟု သတင်းများ ဖော်ပြခဲ့ကြသည်။

ဘိုကိုဟရမ်အဖွဲ့မှာ ၂၀၁၄ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ ညပိုင်းတွင် ချီဘွတ်မြို့ရှိ မိန်းကလေး အလယ်တန်းကျောင်းမှ ကျောင်းသူ ၂၇၆ ဦးကို ပြန်ပေးဆွဲသွားခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ ၅၇ ဦးမှာ ချက်ခြင်းဆိုသလို ထွက်ပြေးလွတ်မြောက်လာခဲ့သည်။

ထိုအချိန်မှစ၍ အချို့ကို ဘိုကိုဟရမ်က လွှတ်ပေးခဲ့ပြီး အချို့မှာ ကိုယ်တိုင် ထွက်ပြေးလာခဲ့ကြသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလကလည်း အစိုးရနှင့် ညှိနှိုင်းမှုကြောင့် ဘိုကိုဟရမ်က ၂၁ ဦးကို လွှတ်ပေးခဲ့ပြီး ယမန်နေ့မတိုင်ခင် လွတ်မြောက်လာသူအရေအတွက်မှာ ၈၀ ကျော် ရှိခဲ့သည်။

ထိုမိန်းကလေးများ လွတ်မြောက်ရန်အတွက် နိုက်ဂျီးရီးယားအစိုးရမှာ ဘိုကိုဟရမ်အဖွဲ့နှင့် ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့သည်။

Ref: Aljazeera



The post ဘိုကိုဟရမ်ဖမ်းထားသည့် ကျောင်းသူများမှ ၆၀ ကျော် ထပ်မံ လွတ်မြောက် appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top