2 May 2016

No-Hate Speech ခေါ် အမုန်းမဲ့စကားပရောဂျက်

10:09 pm - By Unknown 0

M-Media
မေလ ၂ ရက်၊ ၂၀၁၆

ပုံကိုပုံကို အမုန်းမဲ့စကားပရောဂျက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တဆင့် ဖော်ပြထားခြင်း ဖြစ်ပါသည်။

No-Hate Speech Project ခေါ် အမုန်းမဲ့စကားလို့အမည်ပေးထားတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုကို အမုန်းတရားလျော့နည်းပပျောက်စေဖို့ လှုပ်ရှားဆောင်ရွက်နေကြသူတွေက တည်ထောင်ထားပါတယ်။ အဲဒီစာမျက်နှာကိုတော့ ၂၀၁၆ မတ်လအတွင်းက အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့ တည်ထောင်ထားတာဖြစ်တယ်လို့ သိရပါတယ်။

လေ့လာသူအချို့ရဲ့အဆိုအရ ၂၀၀၈ ခုနှစ် နိုင်ငံတော်အခြေခံဥပဒေဟာ ခွဲခြားဆက်ဆံတာတွေအတွက် တိကျသေချာတဲ့ ဥပဒေကို ပြဌာန်းပေးထားခြင်းမရှိဘူးလို့ သိရပါတယ်။ “Interfaith Understanding and Peace Advocacy” လို့ အမည်ပေးထားတဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့တစ်ခုဟာ ဧပြီ ၂၆ ရက်နေ့က နိုင်ငံလုံးဆိုင်ရာ ကွန်ဖရင့်ကို ကျင်းပခဲ့ပြီး အမုန်းစကားတိုက်ဖျက်ဖို့ တိကျတဲ့ ဥပဒေပြဌာန်းနိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ အွန်လိုင်းပေါ်က အမုန်းစကားတွေ ပပျောက်စေဖို့ ပန်းစကားစီမံချက် ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီနှစ်မှာတော့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေ ပေါင်းပြီး #Say_No_to_Racism #2016_OnlineCampaign စတဲ့ hash tag တွေနဲ့ အမုန်းစကားတိုက်ဖျက်ရေး လှုံဆော်မှုကို ပြုလုပ်ခဲ့ကြပြီး မြန်မာပြည်တွင်းက ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ထောင်ဂဏန်းကျော်ပါဝင်ခဲ့တာ တွေ့ရပါတယ်။ ဒီလှုပ်ရှားမှုကိုတော့ အမုန်းစကားတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ ကိုမိုးသွေးက စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အမုန်းစကားဖြန့်ချိတဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က စာသားများတွေကို globalvoices.org နဲ့ ဆောင်းပါးရှင် ကိုသန့်စင်က အခုလို သုံးသပ်ထားပါတယ်။ No-Hate Speech ခေါ် အမုန်းမဲ့စကားပရောဂျက်က အမုန်းစကားဖြန့်ဖြူးတဲ့ အွန်လိုင်း ပို့စ်တွေကို မှန်ကန်တိကျတဲ့ အချက်အလက်တွေ၊ ဆန့်ကျင်ဘက် အမြင်တွေနဲ့တုန့်ပြန်ကြောင်း၊ မတ်လကတည်းစတင်ပြီး မွတ်စလင်တွေ၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို ရည်ညွှန်းစော်ကားတဲ့ အမုန်းစကားစာသားတွေကို အမုန်းမဲ့စကားပရောဂျက်က တုန့်ပြန်ခဲ့တဲ့အကြောင်း၊ အမုန်းစကားဖြန့်ချိတဲ့ စာသားကို တွေ့တာတဲ့ အမုန်းမဲ့စကားပရောဂျက်က မှန်ကန်တဲ့ အချက်အလက်များနဲ့ တုန့်ပြန်ခဲ့ကြောင်း၊ ဥပမာ မတ်လ ၃၁ ရက်နေ့က လူတစ်ဦးဖြန့်ဖြူးခဲ့တဲ့ အစ္စလာမ်ကင်းမဲ့ဇုန်လို့ ရေးထားတဲ့ ဓါတ်ပုံနဲ့ပတ်သတ်ပြီး အမုန်းမဲ့စကားပရောဂျက်ကအောက်ပါတိုင်း တုန့်ပြန်ထားကြောင်း ကိုသန့်စင်က ရေးသားထားပါတယ်။

“…ဤနေရာတွင် ဗုဒ္ဓဘာသာဝင်များကိုသာ ဈေးရောင်းချခွင့်ပြုမည်
https://www.facebook.com/photo.php?fbid=1586414375013933&set=a.1419320498389989.1073741828.100009361582669&type=3&theater
မတ်လ ၁၃ ရက်တွင် Soe Naing အမည်ရှိ facebook account တွင် ယနေ့ အကြိုက်ဆုံးပုံ ဟူသော ခေါင်းစဉ်ဖြင့် ဘာသာရေးခွဲခြားသည့် ဓာတ်ပုံကို ဖော်ပြခဲ့သည်။ ဓာတ်ပုံတွင် “ဤ ဘုရားပွဲတော်တွင် ဗုဒ္ဓဘာသာ ဈေးသည်များသာ ရောင်းချခွင့်ပြု သည် မုတ္တမမြို့ ကော့စိုင် ” ဟူသော ဗီနိုင်းကို ဖော်ပြခဲ့သည်။ ၎င်းဗီနိုင်းအောက်တွင် မြတ်နိုးမင်္ဂလာ ဇာတ်အဖွဲ့၏ ဗီနိုင်း ကြော်ငြာကို ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ မုတ္တမမြို့သည် မွန်ပြည်နယ်၊ ရေး ခရိုင်လက်အောက်တွင် တည်ရှိသည့် မြို့ဖြစ်သည်။ မြန်မာ့နိုင်ငံတွင် ဘုရားပွဲတော်များသည် ပွင့်လင်းရာသီများဖြစ်သည့် နိုဝင်ဘာလမှ မတ်လအထိ ဒေသအသီးသီးရှိ ဘုရားစေတီပုထိုးများကို အကြောင်းပြု၍ ပွဲတော်များ ကျင်းပပြုလုပ်လေ့ရှိသည်။ ဘုရားပွဲတော်များသည် ဒေသအလိုက်၊ နာမည်ကျော်ကြားမှုအလိုက် ရက်ကာလများ ကြာရှည်တတ်ပါသည်။ ထိုသို့သော ဘုရားပွဲတော်များတွင် ဆယ်နှစ်ရာသီပွဲဈေးသည်များ၊ ဇာတ်ပွဲသဘင်များကို တွေ့မြင်ရလေ့ရှိပါသည်။ပြန်လည်ဝေမျှမှု ၁၀၄၅ ခုရှိခဲ့ပြီး၊ Like လုပ်သူပေါင်း ၃၃၀၀ ကျော်ခန့်ရှိခဲ့သည်။ ဝေဖန်မှတ်ချက်ပြုမှု ၁၉၄ ခုခန့်ရှိခဲ့သည်။ ဝေဖန်မှတ်ချက်ပြုသူ Nay Thu Rain က ” ဒီနှစ် ပိုစတာလဲ ဟုတ်ဘူး၊ မနှစ်က ပိုစတာကြီး ” ဟု မှတ်ချက်ပြုခဲ့သည်။ အဆိုပါဓာတ်ပုံကို ထောက်ခံသူ Nay Myo က ” ဒါက အယူသည်းတာ မဟုတ်ဘူး။ ဘာသာတရားနဲ့ လာမကိုင်ပေါက်နဲ့။ မေတ္တာတရားဆိုတာ တန်ရာ တန်ရာ ထားရတယ်။ ကုလားကို သတ်ဖို့ ပြောနေတာ မဟုတ်ဘူး။ ဝေးဝေးနေဖို့ ပြောတာ။ လူချင်းအတူတူပဲ လို့ မပြောနဲ့။ အမျိုးပြုတ်သွားမယ်။ ငါးချင်း အတူတူ ဆိုပြီး အာဖရိကငါးခူနဲ့ ငါးသလဲထိုး အတူထားပါလား မျိုးကန်းသွားမယ် ” ဟု ထောက်ခံ ရေးသား ထားသည်။ အနူတောက လူချောဆိုသူကမူ ” မြတ်စွာဘုရားရှင်က ဘာသာခြားမုန်းတီးရေး၊ ဘာသာခြားဆန့်ကျင်ရေးကို လုံးဝ ဟောကြား မထားပါဘူး။ ဘာသာတိုင်းကို လေးစားဖို့၊ အသိအမှတ်ပြုဖို့ပဲ ဟောကြားထားပါတယ်။ လူတိုင်းသိတဲ့ မေတ္တသုတ်မှာ မေတ္တာဆိုတာ ဘာသာအကန့်အသတ်မရှိ၊ လူမျိုး အကန့်အသတ်မရှိ၊ တခြား ဘာ အကန့်အသတ်မှ မရှိတိဲ့ အကန့်အသတ်မဲ့ မေတ္တာ မျိုး ဖြစ်ရမယ်။ အကန့်အသတ်မဲ့ ကူညီစောင့်ရှောက်မှုမျိုးဖြစ်ရမယ်လို့ ဟောကြား ထားပါတယ် ” ဟူသော ကောက်စာကို ရိုက်ကူးထားသည့် ဓာတ်ပုံဖြင့် လာရောက်ပြီး မှတ်ချက်ပြု ရေးသား ထားသည်။ ဤဓာတ်ပုံတွင် ပါဝင်သည့် ဗီးနိုင်းသည် ဗုဒ္ဓဘာသာ ဈေးသည်များသာ ရောင်းချခွင့်ပြုမည် ဟူသော စာသားက ဘာသာရေးအရ ခွဲခြားဆက်ဆံမှု တစ်ရပ်ပင်ဖြစ်သည်။ Soe Naing အမည်ရှိ facebook account ပိုင်ရှင်သည် follower ပေါင်း ၂၄ ၂၆၈ ဦးခန့်ရှိသည်။…”

No-Hate Speech ခေါ် အမုန်းမဲ့စကားပရောဂျက်ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေကတော့ ဒီမှာပါ။

မြန်မာ – https://www.facebook.com/NoHateSpeechMyanmar/timeline

အင်္ဂလိပ် – https://www.facebook.com/NoHateSpeechProject/timeline

 



Related Posts

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top