11 November 2017

ကာတာတွင် ရွှေ့ပြောင်းအလုပ်သမားများကိစ္စ စုံစမ်းမှုကို ကုလရုပ်သိမ်း

6:41 pm - By Unknown 0

နိုဝင်ဘာ ၁၁၊ ၂၀၁၇
M-Media

width=960

– ကုလသမဂ္ဂ အလုပ်သမားရေးရာအဖွဲ့က ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို လက်ခံကျင်းပမည့် ကာတာနိုင်ငံတွင် ပြည်ပအလုပ်သမားများအား မတရားပြုမူဆောင်ရွက်မှုများနှင့် ပတ်သက်၍ စုံစမ်းမှုကို ပိတ်သိမ်းလိုက်ပြီး ကာတာ၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်အပေါ် ချီးကျူးခဲ့သည်။

တက်ကြွလှုပ်ရှားသူများနှင့် ထင်ရှားသော နိုင်ငံတကာအလုပ်သမားသမဂ္ဂများက ကာတာနိုင်ငံသည် ဖီဖာဘောလုံးပြိုင်ပွဲကျင်းပရန် အခြေခံအဆောက်အအုံစီမံကိန်းများ တည်ဆောက်ရေးတွင် ရွှေ့ပြောင်းအလုပ်သမားများအပေါ် ကျွန်သဖွယ် စေခိုင်းမှုများ ရှိနေကြောင်း စွပ်စွဲပြောဆိုခဲ့ကြသည်။

၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့ချုပ်က ကာတာအနေဖြင့် အလုပ်သမားများပေါ် အဓမ္မစေခိုင်းခြင်း ရှိ၊ မရှိနှင့် ပြည်ပရွှေ့ပြောင်းအလုပ်သမားများအတွက် ဥပဒေအရ လုံလောက်သော အကာအကွယ်ပေးနိုင်ခြင်း ရှိ၊ မရှိကို စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

ယင်းအချိန်ကတည်းက ကာတာသည် အနည်းဆုံးလုပ်ခအပါအ၀င်၊ နေထိုင်စရာပေးရေး၊ တိုင်းပြည်မှ ထွက်ခွာမရအောင် ပြုလုပ်ထားခြင်းမျိုး မရှိစေရေး စသည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို သဘောတူခဲ့သည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် ကာတာက အလုပ်သမားများအနေဖြင့် လုပ်ခငွေများကို နေ့စား၊ သို့မဟုတ် တစ်လချင်းစီကို ကတ်စနစ်ဖြင့် ပေးချေသည့် လုပ်ခကာကွယ်ရေးစနစ်တစ်ခုကို မိတ်ဆက်ပေးခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကာတာသည် လူပြောခံရဆုံးဖြစ်သည့် kafala စနစ် (အလုပ်လုပ်ရန်၊ နေထိုင်ခွင့်ကျရန်၊ အလုပ်ပြောင်းရန် သို့မဟုတ် တိုင်းပြည်မှထွက်ခွာရန် မိမိဒေသမှ အာမခံပေးသူရှိရမည့်စနစ်) ကို ပယ်ဖျက်လိုက်ကြောင်း ကြေငြာခဲ့သည်။

Ref; CNA



The post ကာတာတွင် ရွှေ့ပြောင်းအလုပ်သမားများကိစ္စ စုံစမ်းမှုကို ကုလရုပ်သိမ်း appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top