11 November 2017

ရဲများကို စတေးမှုဖြင့် ဖိလစ်ပိုင်သမ္မတဟောင်း တရားစွဲဆိုခံရ

6:41 pm - By Unknown 0

M-Media
နိုဝင်ဘာ ၁၁၊ ၂၀၁၇

width=446

– ၂၀၁၅ ခုနှစ်တွင် ကွန်မန်ဒို ၄၄ ဦးသေဆုံးစေခဲ့သည့် ရဲတပ်ဖွဲ့စီနင်းမှုတစ်ခုနှင့်ပတ်သက်၍ သမ္မတဟောင်း ဘီနစ်ဂ်နို အကွီနိုအား ဖိလစ်ပိုင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာနက ရာဇ၀တ်မှုဖြင့် တရားစွဲဆိုခဲ့သည်။

သမ္မတဟောင်း အကွီနိုမှာ မင်ဒါနာအို၊ မာမာဆာပါနိုမြို့ရှိ ဗုံးထောင်သူဟု သံသယရှိသူအား ဖမ်းဆီးရန် အတည်ပြုချက်အတွက် တရားဝင်ခွင့်ပြုချက်များကို မရိုးမဖြောင့်နည်းဖြင့် အတင်းအဓမ္မအသုံးပြုခဲ့သည်ဟု ဌာနကဆိုသည်။

အဆိုပါ စီးနင်းမှုအား ဦးဆောင်ရန် ၂၀၁၅ ခုနှစ်က အကျင့်ပျက်ခြစားမှုဖြင့် တာဝန်ရပ်နားထားခံရသည့် ရဲချုပ် Alan Purisima ကို တာဝန်ပေးခဲ့သည်။

ထိုသို့ ၀င်ရောက်စီးနင်းစဉ် ရဲတပ်ဖွဲ့ကွန်မန်ဒိုများသည် တိုက်ခိုက်ရေးသမားအမြောက်အမြား ၀ိုင်းရံခံရကာ ပြင်းထန်သော သေနတ်ပစ်ခတ်မှုများဖြင့် အတုန်းအရုန်းကျဆုံးခဲ့ရသည်။

ရဲအရာရှိများ သေဆုံးမှုက ဖိလစ်ပိုင်ပြည်သူများကို အထိတ်တလန့်ဖြစ်စေခဲ့ပြီး မိုရိုအစ္စလာမ်မစ်လွတ်မြောက်ရေးတပ်ဦး (MILF) နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဖြစ်လာစေခဲ့သည်။

၎င်းအဖွဲ့သည် ဖိလစ်ပိုင်တောင်ပိုင်း မိုရိုပြည်သူများ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန် အစိုးရနှင့် ညှိနှိုင်းဆွေးနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

၂၀၁၀ မှ ၂၀၁၆ ထိ တာဝန်ထမ်းဆောင်ခဲ့သော အကွီနိုသည် အဆိုပါစီးနင်းမှုအား စီမံတာဝန်ပေးခြင်းကို ၎င်းကိုယ်တိုင် တိုက်ရိုက်မကိုင်တွယ်ခဲ့ဟု ကာကွယ်ပြောဆိုခဲ့သည်။

မိမိအနေဖြင့် အစီအစဉ်ကို အစီရင်ခံရုံသာ သိခဲ့ရပြီး အတည်ပြုရန် မိမိ၏အမိန့် မလိုအပ်ဟု ဆိုသည်။

Ref; Aljazeera



The post ရဲများကို စတေးမှုဖြင့် ဖိလစ်ပိုင်သမ္မတဟောင်း တရားစွဲဆိုခံရ appeared first on News @ M-Media.

M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။
စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ကို အကူအညီပေးလိုလျင် editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
M-Media is an independent, non-profit news channel led by a group of Myanmar Youths. We values media ethics and people’s loyalty.
Follow me @M-Media

0 comments:

Note: only a member of this blog may post a comment.

Text Widget

Blogroll

Discussion

Powered by Blogger.
back to top