မေ ၅၊ ၂၀၁၆
M-Media
– သမိုင်းဝင် အောင်ပွဲရရှိခဲ့သည့် လက်စတာစီးတီးအသင်းထက် ရှုံးပွဲမရှိ ဖလားရဖူးသော အာဆင်နယ်အား ပို၍ ချီးကျူးသင့်ပြီး ၀င်းဂါးမှာလည်း ဝေဖန်မှုနှင့် မထိုက်တန်ဟု အာဆင်နယ် နောက်ခံလူဟောင်း လော့ရင့်က ပြောကြားလိုက်သည်။
ပြီးခဲ့သည့်နှစ် ချန်ပီယံ ချယ်ဆီး၊ အသင်းကြီးများဖြစ်ကြသော မန်စီးတီး၊ မန်ယူ၊ လီဗာပူးလ်တို့မှာ ခြေချော်နေသည့်အချိန်တွင် ရာသီအစ ပုံစံကောင်းများ ပြသနိုင်ခဲ့သည့် အာဆင်နယ်က ပရီးမီးယာယးလိဂ်ဖလားကို ရရှိမည်ဟု ရေပန်းစားခဲ့သော်လည်း ထင်သလို ဖြစ်မလာခဲ့ဘဲ လက်စတာက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
အာဆင်နယ်တွင်ကစားစဉ် နည်းပြ၀င်းဂါးက ကမ္ဘာ့အကောင်းဆုံး နောက်ခံလူများထဲမှ တစ်ဦးအဖြစ် ချီးကျူးခြင်း ခံခဲ့ရသည့် လော့ရင်ကမူ လက်စတာကို ချီးကျူးခဲ့ပြီး အာဆင်နယ်ကို ကာကွယ်ပြောဆိုခဲ့သည်။
“လက်စတာလုပ်နိုင်ခဲ့တဲ့အရာက တစ်မူထူးခြားတဲ့ အရာပါပဲ။ ရာသီအစမှာ ဒီလိုအောင်မြင်မှုမျိုး ရမယ်ဆိုတာ ဘယ်သူမှ မမျှော်လင့်ခဲ့ကြပါဘူး။ အသင်းသားတိုင်းရဲ့ အလွန်အမင်း ကြိုးပမ်းအားထုတ်မှု၊ စုစည်းမှုနဲ့ ယုံကြည်ချက်ခိုင်မာမှုတို့ကို အခြေခံပြီး ဒီလိုအောင်မြင်ခဲ့တာပါ။ ဒါဟာ သူတို့အတွက် မယုံကြည်နိုင်လောက်စရာဖြစ်ပြီး ဘောလုံးလောကအတွက်လည်း ကောင်းမွန်ပါတယ်။ လက်စတာက မယုံနိုင်စရာကို လုပ်ပြခဲ့ပေမယ့် တစ်ရာသီလုံး ရှုံးပွဲမရှိဘူးဆိုတာက ပိုပြီး ထူးခြားပါတယ်။ ဒီနှစ်ခုကို ကျွန်တော်တို့ နှိုင်းယှဉ်လို့မရပါဘူး။ ကျွန်တော့်ကိုမေးမယ်ဆိုရင် ရှုံးပွဲမရှိတဲ့ ဘောလုံးရာသီက ပိုပြီး ကြီးကျယ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်” ဟု ၂၀၀၃-၀၄ ဘောလုံးရာသီတွင် အာဆင်နယ်အသင်းက ရှုံးပွဲမရှိဘဲ ဗိုလ်စွဲခဲ့မှုကို ရည်ညွှန်း၍ လော့ရင့်က ပြောကြားခဲ့သည်။
Ref: Goal
Related Posts
- PFA ၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို လက်စတာတိုက်စစ်မှူး မဟ်ရက်ဇ် ရရှိ (Apr 25, 2016)
- မန်ယူအတွက် လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးခဲ့သည်ဟု ဗန်ဂါးလ်ပြော (Apr 25, 2016)
- အိပ်မက်များကို အမှန်တကယ်ဖြစ်အောင် လုပ်ရမည်ဟု လက်စတာနည်းပြပြော (Apr 25, 2016)
- အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ် ပရီးမီးယားလိဂ်တွင် စံချိန်သစ်တစ်ခု တင်နိုင် (Apr 24, 2016)
- အသင်းသားများကို ဂျူးလီယက်ဆီဇာနှင့် လက်စတာနည်းပြ နှိုင်းယှဉ်ပြောဆို (Apr 23, 2016)
- ပရိတ်သတ်ထောက်ခံမှုမရှိပါက အာဆင်ဝင်းဂါး ထွက်ရမည်ဟု ရက်နပ်ပြော (Apr 21, 2016)
- ပုံမှန်နေရာအတွက် ထိုက်တန်သည့်ခြေစွမ်း ပြရမည်ဟု ရူနီကို ဗန်ဂါးလ် သတိပေး (Apr 20, 2016)
- စပါးမှာ လက်စတာကို လိုက်နိုင်မည်ဟု မာ့ခ်ဟုဂ်ျပြော (Apr 19, 2016)
- အသင်းတန်းမဆင်းအောင် မိမိတို့ ဆောင်ရွက်နိုင်မည်ဟု နယူးကာဆယ်ကွင်းလယ်လူ ပြော (Apr 19, 2016)
- ဖာဂူဆန်ကဲ့သို့ နည်းပြမျိုး နှစ် ၁၀၀ တွင် တစ်ယောက်မရှိဟု ဟာနန်ဒက်ဇ်ပြော (Apr 18, 2016)
0 comments:
Note: only a member of this blog may post a comment.